Rootဆိုတာ ဘာလဲ?
  ROOT ဆိုတာမြန်မာလိုအမြစ်တူးခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ဥပမာပြောရရင
်ကျားကိုအတောင်ပန်တပ်ပေးတာပါ။
Androidဖုန်းတစ်လုံးမှာ ROOT မရှိရင်
ထောဂ်ကျနေတဲ့လူသားတစ်ယောက်လ
ိုပါပဲ။
ဘာလုပ်လုပ်စည်းနဲ့၊ ကမ်းနဲ့၊ သူတို့ခိုင်းတာပဲလုပ်၊ သူတို့ကျွေးတာပဲစားနေရတဲ့ဘ၀။
ROOT ဖောက်လိုက်တာဟာ ထောင်ဖောက်သလိုမျိုးပါ။စည်းကမ်းမဲ့သွားမယ်။ မိမိစိတ်တိုင်းကျ မိမိဘ၀ကိုချယ်လှယ်နိုင်မယ်။ အနာဂါတ်အိမ်မက်လှလှလေးတွေ မက်နိုင်မှာပါ။ ဒါကလည်းမိမိနဲ့လည်းဆိုင်ပါတယ်။ ထောင်ဖောက်ထွက်လာပြီး ပျက်စီးချင်ရာပျက်စီး၊ မိမိစိတ်အလိုကို မကောင်းတဲ့နေရာ၊ မဟုတ်တဲ့နေရာမှာ သွားဦးစားပေးမိရင်တော့ မိမိဘ၀(မိမိဖုန်းဘ၀)ဟာ ပျက်စီးတော့မှာပေါ့။
ထို့ကြောင့် ROOT ဖောက်ပြီးလျှင်ကောင်းမွန်စွာ အသုံးချပါ။ မသိလျှင်ရမ်းမလုပ်ပါနဲ့။
အစားမတော်တစ်လုပ်၊ အသွားမတော
်တစ်လှမ်းပါပဲ။ တစ်ကွက်မှားတာနဲ့ဖန်လုံး
( FIRMWARE )ကျသွားမှာပါ။
ဖန်လုံး(Firmware)ကဘာတုန်း?
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖန်လုံးဆိုတာဘာလဲဆိုတော့ ကျွန်တော်လည်းမပြောတတ်ဘူးဗျ။ 
ဥပမာပြောပြရင် ဖန်လုံးကို အူကလီစာ၊ အသည်းနှလုံးလို့ပဲ မှတ်ယူကြရအောင်ဗျာ။
ဖန်တစ်လုံးကို မိမိကကလိလို့ တစ်ကွက်မှားသွားလို့ အူမကြီးတစ်ချောင်းကို သွားထိမိရင် အဲ့ဒီဖုန်းက ဆန့်ငင်ဆန့်ငင်နဲ့ ဖုန်းပြန်မပွင့်လာတော့ပါဘူး
ဒီလိုအချိန်မျိုးမှာဆို ကျွန်တော်တို့က အူကလီစာအတွဲလိုက်လဲပေးရပါတော့မယ်။ မလဲပေးရင်အသက်မရှင်တော့ဘူးလေ။ ဒါကြောင့်အူကလီစာကို အသစ်ပြန်လဲပေးရတာပေါ့ တစ်ချို့ကျတော့လည်း အူကလီစာကို 
အသစ်လဲတဲ့အနေနဲ့ နေရင်းထိုင်ရင်း သွင်းနေကြတာရှိပါတယ်။
 ROOTဖာက်တယ်ဆိုတော့ အဲ့ဒီ့အူကလီစာကိုပါ ကလိခွင့်
ရသွားပါတယ်။ ကလိတတ်ရင်တော့ အဲ
့ဒီ့အသည်းနေရာမှာ 
ရိုးရိုးအသည်းထည့်မလား၊ ရှယ်အသည်းထည့်မလား ဒါမှမဟုတ် အူကလီစာကို ရွှေချမလားပေါ့။
မကလိတတ်ရင်တော့ အပေါ်မှာပြောသလို အူပြတ်ပြီးသေတတ်ပါတယ်။
ဖန်လုံးကိုဘယ်မှာရနိုင်မလဲ?
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖန်လုံးဘက်မှာဆိုရင် Samsungက ရှာရလွယ်ကူပါတယ်။SamMobileဆိုတာ အူ
ကလီစာတွေရောင်းတဲ့ကုန်တိုက်
ကြီးတစ်တိုက်ပေါ့။SamMobileဆိုင်မှာမွှေနှောက်
ပြီးရှာနိုင်ပါတယ်။ဒါမှမဟုတ
google ဆိုတဲ့လမ်းဘေးဆိုင်မှာကိုယ့်ဖုန်းရဲ့နာမည်
ဥပမာ Stanley Cnရဲ့အူကလီစာအတွဲဝယ်မယ်လို့သာရေးထည့်လိုက်ပါ အစု
လိုက်အပြုံလိုက်မှိုလိုပေါက်
အောင်ထွက်လာမှာပါ။ဒါကိုက Samsungဖုန်းရဲ့ အားသာချက်ပေါ့ဗျာ။တရုတ် android
ဖုန်းတွေအတွက်ကလီစာအတွဲရှာမယ်
ဆိုရင်အဲ့ဈေးတန်းမှာပျောက်
သွားတဲ့ပိုက်ဆံလိုပါပဲ။ပြန်တွေ့ချင်ပြန်တွေ့မယ်။မတွေ့
ချင်မတွေ့ဘူးပေါ့ဗျာ။တွေ့သွ
ားတဲ့လူကလည်းမသိမသာသိမ်းထားတာမျိုးရှိတာပေါ့။
 ဖန်လုံးကနိုင်ငံအမျိုးမျိုးရှိလား?
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သိပ်ရှိတာပေါ့ဗျာ။ထိုင်းကလီစာအတွဲက မြန်မာတွေနဲ့အသင့်တော်ဆုံးပဲဗျ။သူက
Version အမြင့်ဖုန်းတွေဆိုမြန်မာဘာသ
ာ တောင်းပါလိုက်သေးတယ်။ထိုင်းကလီစာ
ယူမလား၊ဗီယက်နမ်ကလီစာယူမလား
၊အိန္ဒယကလီစာယူမလား၊ဂျာမဏီကလီစာယူမလားအမျိုးမျိုးရှိပါတယ်။
ခုဏပြောတဲ့Versionကဘာလဲ?
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
versionဆိုတာ မြန်မာလိုအဆင့်လို့ပဲမှတ်ယူထားဗျာ။ဥပမာ သူကြီးပြီးတော့
သူကြီးသားပေါ့။သူကြီးသားပြီ
းတော့ သူ့တပည့်လူမိုက်တွေပေါ။
အဆင့်အတန်းပေါ့ဗျာ။ဟော့
Androidမှာဆို version2.3.6ယူမလား 4.1.2ယူမလား 4.2.2ယူမလား 4.3,4.4.2,4.4.4ယူမလား အဆင့်အတန်းများစွာ ခွဲခြားထားပါတယ်။အရင်ကဆို 4.4.4က
သမ္မတပေါ့ဗျာ။အခု5.0ထွက်လာတော 5.0ကသမ္မတဖြစ်သွားပါတယ်။Version
4.4.2အတွက်ဆို ROM တွေတောင်ထွက်ရှိနေပါပြီ။ ကိုယ့်ဖုန်းကိုနဂိုဝယ်လာတဲ့ပုံတုံးကြီးနဲ့မကြည့်ချင်တော့ဘူးဆို အခြားနာမည်ကြီးတဲ့ဖုန်း S5
တိုNote3 တို့အဲ့ဖုန်းတွေရဲ ROMလးတွေတင်ပြီး ကိုယ့်ဖုန်းလည်းလန်းနိုင်ပါပြီ။ ဒါတောင်Samsungမှ ရတာနော်။
ROOT အကြောင်းသိလောက်ရောပေါ့
Android ဖုန်းတစ်လုံး ကိုင်ဆောင်ထားတဲ့သူဟာ ROOT ဖောက်ထားမှသာ 
စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး စပယ်ရှယ်အကောင်းဆုံး software တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
တစ်ချို့က ROOT ဖောက်တာကို မြန်မာစာထည့်ဖို့ တစ်ခုထဲအတွက်ပဲ သိထားကြတယ်။ 
မပိုင်ဆိုင်သေးပါဘူး။ ROOT ဖောက်ပြီးမှသာစိတ်ကြိုက် system အတွင်းပိုင်းထိ ၀င်ကလိ၊ ၀င်ပြီးပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ ROOT ဖောက်လိုက်ရင် ကိုယ့်ဖုန်းကိုလုပ်တတ်လျှင် 
လုပ်တတ်သလောက် ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ ROOT ဖောက်ပြီး
 မြန်မာဖောင့်သွင်းတယ်ဆိုတာကလည်း System fount floderထဲကို
ဇော်ဂျီဖောင့်သွင်းတာပေါ့ဗျာ။ အဲ့ System ထဲဝင်ဖို့က ROOTဖာက်ထားမှဖြစ်မှာမို့ပါ။ 
ROOTဖာက်ထားလို့ရမယ့် အကျိုးကျေးဇူးတွေကတော့ တစ်ပုံကြီးပါ။ ဆိုးကျိုးကတော့ 
ဝယ်လာတုန်းက ရခဲ့တဲ့အာမခံချက်လေး ပျက်သွားမှာပါ။ တော်ရုံ Facebookသုံး၊ ဗွီဒီယိုကြည့်ရုံလေးဆိုရင်တော့ ROOT ဖောက်စရာမလိုပါဘူး။
Setting/Display/font style မှာ သွားချိန်းပေးရုံပါပဲ။ 
ဒါတောင် Browser,google,You tube,Myanmar apk တွေမှာ မြန်မာလို မြင်ရမှာမဟုတ်ပါဘူး။ROOT ဖောက်ပြီး မြန်မာစာရရှိလာခြင်းဟာ ROOT ဖောက်လို့ရရှိလာမယ့် 
အကျိုးကျေးဇူးရဲ့ ရာခိုင်နှုန်းသာရှိပါတယ်။ ကုန်ကုန်ပြောရရင် ROOT ဖောက်စေချင်တယ်Android စက်ရုပ်ဖုန်း ROOT မရှိတာဟာ ဆားမပါတဲ့ ဟင်းချိုတစ်ခွက်ကို သူများရှေ့မှာ 
အိုက်တင်ခံပြီး ထိုင်သောက်ပြနေရသလိုပါပဲ။ ROOT မရှိတဲ့ဖုန်းဟာ လေဖြတ်နေတဲ့သူတစ်ယောက်လို၊
အင်တာနက်မရှိတဲ့ ကွန်ပျူတာတစ်လုံးလိုပါပဲ။
ဒီမှာတစ်ခုပြောချင်တာက တစ်ချ
ို့က ROOT ဖောက်လိုက်ရင်
 ဆိုးကျိုးတွေ အများကြီးရှိလာနိုင်တယ်လို့ ထင်နေကြတယ်။ ROOT ဖောက်လို့ဆိုးကျိုးမရှိပါဘူး။
ROOTမှန်ရင်သာ ဆိုးကျိုးရှိနိုင်တာပါ။ ROOT ဖောက်လို့ဆိုးကျိုးရှိမယ်ဆို ROOT ဆိုတဲ့
ဝေါဟာရပေါ်လာမှာ မဟုတ်ပါဘူး။ တစ်ချို့က ROOT ဖောက်ချင်ရင် Promyanmar Root တို့
V Root တိုBaidu Root အစရှိတဲ့ တရုတ် ROOT ဖောက်တဲ့ software တွေကိုအသုံးပြုပြီး ဖောက်ကြပါတယ်။ ပြသနာကတော့ ဒီမှာပါပဲ ။တရုတ် software တွေနဲ့ အလွယ်လိုက်ပြီ ROOT ဖောက်ခြင်းဟာ ရေရှည်မှာဆိုးက်ျိုးများပါတယ်။ ဘတ္ထရီပိုပူလာမယ်၊ အကုန်မြန်လာမယ်၊ ဖုန်းလေးလာမယ်၊ ထစ်လာမယ်၊
ဟန်းလာမယ်၊ တွေးကြည့်ရင် အများကြီး အများကြီး။ သေချာလေ့လာကြည့်ရင် မသင့်တော်ပါဘူး။
ကိုယ့်ဖုန်းကို ကိုယ်ချစ်တယ်။ ရေရှည်မှာ ကောင်းကောင်းသုံးချင်တယ်ဆိုရင်ပေါ့။ 
တရုတ် Android စက်ရုပ်ဖုန်းတွေကိုတော့ မပြောလိုပေမယ့် 
Samsung လိုအကောင်းစားဖုန်းတွေကို တရုတ် software တွေနဲ ROOT မဖောက်ပါနဲ့။
Samsung ကိုတရုတ်နဲ့ဖောက်ခြင်းဟာ ကိုယ့်သမီးကို ကုလားနဲ့ပေးစားတာနဲ့အတူတူပါပဲ။
Samsung ဖုန်းများကို ဖြစ်နိုင်လျှင် ကွန်ပျူတာအသုံးပြုပြီး Online ကတစ်ဆင့် 
CF Auto Root နဲ့ပဲ ROOT ကြပါလို့အကြံပေးချင်ပါတယ်။
Samsung ကို မှန်ကန်သော ROOTဖာက်နည်းနောက်တစ်မျိုးက 
CWM သွင်းပြီး Root Zip ဖိုင်ကို CWM ကနေ Installeည်းပါပဲ။ ကွန်ပျူတာ
အခက်အခဲရှိရင်တောင် ဆိုင်မှာလုပ်ခိုင်းသင့်ပါတယ်။ တရုတ် Software တွေနဲ့ အလွယ်လိုက်ပြီး
ဖောက်လိုက်လို့ ရေရှည်မှာပြသနာ Error က်ရင်
 ROOTကြာင့်လို့တစ်ချို့က ထင်တယ်။ အမှန်တော့ကိုယ့်အမှားပါ။ 
တစ်ချို့ကဖုန်းကို ROOTဖာက်ပြီးလျှင် ဖုန်းပိုပူလာတယ်၊ ပိုထစ်လာတယ်ဆိုပြီး
Unroot software တစ်ခုခုနဲ ROOT ပြန်ထုတ်တတ်ကြတယ်။ ဒါမှားပါတယ်
ROOT ခင်ကသေချာစဉ်းစားရမှာ ဖြစ်ပါတယ်။ ROOT ပြီးသားဖုန်းတစ်လုံးကို 
Unroot ပြန်လုပ်ယုံနဲ့ ဘာအကျိုးကျေးဇူးမှ ရရှိလာမှာမဟုတ်ပါဘူး။ 
သဘောက အိုပြီးသွားတဲ့အပျိုတစ်ယောက်ဟာ ပြန်မပျိုတော့ပါဘူး။
ROOT  မကြိုက်လို့ ROOT ပြန်ဖြုတ်ချင်ရင် Firmware သာ အသစ်ပြန်တင်လိုက်ပါ။
ီတစ်နည်းပဲရှိပါတော့တယ်။ စက်ရုပ်ဖုန်းလက်ဝယ်ကိုင်ဆောင်ထားလျှင်
ROOTဖာက်ကြပါ။ ဒါမှသူများလန်းသလို ကိုယ်လည်းလန်းမယ်။ 
စိတ်ကြိုက်ချယ်လှယ်နိုင်မယ်။ စိတ်ကြိုက် Software သုံးနိုင်မယ်။
အသိပညာဗဟုသုတ တိုးပွားမယ်။ 
ဒါပေမယ့်....ROOT နည်းမှန်ပါစေ
Credit to ဇင်ထွန်းကျော်
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ
Rootဆိုတာ ဘာလဲ? Title : Rootဆိုတာ ဘာလဲ?
Description :   ROOT ဆိုတာမြန်မာလိုအမြစ်တူး ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ဥပမာပြောရရင်ကျားကိုအတောင်ပန်တပ်ပေးတာပါ။ Android ဖုန်းတစ်လုံးမှာ ROOT မရှ...
Rating : 5
Post a Comment
လာရောက်လည်ပတ်သူအားလုံးကို CKK-နည်းပညာ မှ ထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....
မန်ဘာဝင်ရောက်အားပေးပါနော်
မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။