မင်္ဂလာပါနော်...
ဒီနေ့တော့
Oppoဖုန်းမှာ အလွယ်တကူအသုံးပြုလို့ရတဲ့နည်းလမ်းလေးတွေကို
ခုမှစပြီးOppoအသုံးပြုသူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခဗျ....
အောက်ကပုံလေးတွေကနေ စတင်ဝင်လိုက်ပါ... နောက်ဆုံးပုံနေရာမှာကို
ဘယ်လိုအသုံးဝင်တယ်ဆို ရေးပြပေးပါ့မယ်....
ဒီအောက်ပုံမှရောက်ရင် ပုံထဲမှာရေးသားထားတာကို နားမလည်သူများအတွက် အောက်မှာ ရှင်းပြပေးထားပါသေးတယ် ....
ပုံထဲက နံပါတ်လေးတွေတိုင်း ရေးပေးသွားပါ့မယ်.
➤( 1. ) Double Tap to Turn Screen On ဆိုတာကတော့ စခရင်ဖွင့်ရန် နှစ်ချက်တို့ပါတဲ့....
မိမိတို့ရဲ့ဖုန်း စခရင်ပိတ်ထားချိန်မှ Powerခလုတ်ကို နှိပ်စရာမလိုပဲ မှန်ပြင်ကို
လက်ဖြင့် နှစ်ချက်ထိတို့လိုက်တာနှင့် ဖုန်းရဲ့Screenပွင့်လာပါလိမ့်မယ်...
အသုံးပြုလိုပါက Double Tap to Turn Screen On ဆိုတာလေးကို ဖွင့်ပေးလိုက်ပါ ။
➤( 2. ) Draw O to Start Camera ဆိုတာကတော့ ကင်မရာစတင်ရန် O ကို ရေးဆွဲပါတဲ့...
မိမိတို့ရဲ့ ဖုန်းစခရင် ပိတ်ထားတဲ့အချိန်မှာ စခရင်ကိုဖွင့်စရာမလိုပဲနှင့် စခင်ပေါ်မှာ
မိမိတို့ရဲ့ လက်လေးဖြင့် O ( အို )လို့ ရေးလိုက်တာနှင့် မိမိဖုန်းရဲ့ ကင်မရာပွင့်လာပါလိမ့်မယ်...
အသုံးပြုလိုပါက Draw O to Start Camera ဆိုတာလေးကို ဖွင့်ပေးလိုက်ပါ ။
➤( 3. )Draw V to open Torchlightဆိုတာကတော့ ဓာတ်မီးဖွင့်ရန် V ကို ရေးဆွဲပါတဲ့ ...
မိမိတို့ရဲ့ ဖုန်းစခရင် ပိတ်ထားတဲ့အချိန်မှာ စခရင်ကိုဖွင့်စရာမလိုပဲနှင့် စခင်ပေါ်မှာ
မိမိတို့ရဲ့ လက်လေးဖြင့် V ( ဗီ )လို့ ရေးလိုက်တာနှင့်မိမိဖုန်းမှာ ဓာတ်မီးလင်းလာပါလိမ့်မယ်....
အသုံးပြုလိုပါက Draw V to open Torchlightဆိုတာလေးကို ဖွင့်ပေးလိုက်ပါ ။
➤( 4. ) Music Control ဆိုတာကတော့ ဂီတ ထိန်းချုပ်မှု့ဖြစ်ပါတယ်ဗျ....
မိမိတို့ဖုန်းမှာ သီချင်းဖွင့်ထားပြီး စခရင်ပိတ်ထားချိန်မှာ သီချင်းတစ်ပုဒ်ကို
ခဏရပ်ရန် / ဖွင့်ရန် ။ ရေးဆွဲပြီး သီချင်းပြောင်းရန် < သို့မဟုတ် > ကိုရေးဆွဲပါ ။
သီချင်းရပ်ရန် / ဖွင့်ရန် ( ။ )
သီချင်းပြောင်းရန် < ဒါမှမဟုတ် > စတာတွေကို စခရင်ပေါ်မှာ ရေးဆွဲရမှာပဲ ဖြစ်ပါတယ် ။
အသုံးပြုလိုပါက Music Controlဆိုတာလေးကို ဖွင့်ပေးလိုက်ပါ ။
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >>
ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည်။
အားလုံးကိုခင်မင်လျှက်။
Admin & CKK - နည်းပညာ