ဖုန်း နှင့် Tablet တွေမှာ ရုပ်ရှင်ဗွီဒီယိုများကြည့်ရန်နှင့် သီချင်းတွေနားထောင်းရန်-MX Player 1.9.16 for Android

Android ဖုန်း Tablet ပေါ်မှာ Video File တော်တော်များများကို Format လုပ်ပေးနိုင်တဲ့MX Player Pro နောက်ဆုံးထွက် ဗားရှင်းကိုတင်းပေးလိုက်ပါတယ်။တချို့ဖုန်းတွေမှာဆိုရင် original ပါတဲ့ video player က တချို့ video file တွေကို Support မလုပ်ပေးပါဘူး။အဲ့လိုအခါမျိုးမှာ ဒီPlayer လေးက အကျိုးပြုပါလိမ့်မယ်။video file တော်တော်များများကို supported လုပ် ပေးနိုင်ပါတယ်။Subtitle Scroll Mode စနစ်ပါဝင်တာမို့စာတန်းထိုးစနစ်နဲ့ Format လုပ်ထားတဲ့ Video File တွေကိုလည်း အဆင်ပြေပြေ ဖွင့်ကြည့်နိုင်စေပါတယ်။ဒါ့အပြင် video file ကို ဒေါင်းလုပ်ဆွဲရာမှာ Connection အတက်အကျ မမှန်၍ ထစ်ငေါ့ သွားသော နေရာများကို ဒီ player ကနေ အထစ်အငေါ့ နည်းပါးစွာနဲ့ ကြည့်ရှုလို့ ရစေတာကိုလည်း တွေ့ရပါသေးတယ်။
 
Credit  - ဝင်းလှိုင်-နည်းပညာ 
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

Apple ကနေ iPhone SE 2 ကို လာမယ့် ဂျွန်လမှာကျင်းပမယ့် WWDC 2018 မှာ တရားဝင်ကြေငြာမည်

Apple ကနေ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ၄ လက်မအရွယ် Display နဲ့ iPhone SE ကို ထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာတော့ Apple ကနေ Second Generation iPhone SE ကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Apple ဟာ iPhone SE 2 စမတ်ဖုန်းကို လာမယ့် ဂျွန်လမှာ ကျင်းပမယ့် Apple ရဲ့ Worldwide Developer Conference (WWDC) Event မှာ တရားဝင်ကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုထွက်ရှိလာမယ့် iPhone SE 2 ဟာ 4″ ဒါမှမဟုတ် 4.2″ Display ပါဝင်မှာဖြစ်ပြီးတော့ iPhone 7 မှာပါဝင်ခဲ့တဲ့ Apple A10 Fusion Chipset ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် iPhone 7 နဲ့ တူညီတဲ့စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့လည်း 12MP Back Camera နဲ့ 5 MP Selfie Camera ပါဝင်လာမယ်လို့ သိရပါတယ်။ Battery ကတော့ 1700mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။

ယခု ထွက်ရှိလာမယ့် iPhone SE 2 စမတ်ဖုန်းကို Glass Body နဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ Wireless Charging စနစ်ပါ ရရှိမှာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး iPhone SE 2 ကို တရုတ်နိုင်ငံ Foxcon ကနေမဟုတ်ပဲ India မှာပဲထုတ်လုပ်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

ကိုယ့် စမတ်ဖုန်းကို Battery ပိုခံအောင် ဘယ်လိုလုပ်ကြမလဲ?

ဘယ်လို စမတ်ဖုန်းကိုပဲဖြစ်ဖြစ် အသုံးပြုနေပါစေ၊ စမတ်ဖုန်းအသုံးပြုနေပြီဆိုထဲက အားကုန်သွားရင် Battery အားပြန်သွင်းရတာက အချိန်တစ်ခုပေးနေရတုန်းပါပဲ။ ဖုန်းဝယ်ထဲက Battery mAh ပိုများတာကိုရွေးဝယ်ထားတယ်ဆိုရင် Battery က ပိုခံမှာပေမယ့် အားပြန်သွင်းတဲ့အချိန်ကလည်း ပိုပေးရတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်စမတ်ဖုန်းကို Battery ပိုပြီး ကြာကြာခံအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

1. AMOLED Screen ဆိုရင် Wallpaper အမည်းရောင်ကိုပဲ အသုံးပြုပါ။

Samsung နဲ့ အခုနောက်ပိုင်း စမတ်ဖုန်းအချို့မှာ AMOLED Display တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး AMOLED Display ကို အသုံးပြုလာတာက Battery ကို ပိုပြီး ကြာရှည်ခံအောင် အလွယ်တကူပြုလုပ်လို့ရတဲ့အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ AMOLED Display တွေဟာ အမည်းရောင်ကို အလင်းမပေးတဲ့အတွက် Wallpaper အမည်း၊ Theme အမည်းရောင် သုံးလိုက်တာနဲ့ Battery ကို ချွေတာပြီးသားဖြစ်သွားပါပြီ။

2. Google ရဲ့ “OK Google” Command ကို ပိတ်ထားပါ။

သင်က Google ရဲ့ Personal Assistant ကို အသုံးမပြုနေဘူးဆိုရင် “OK, Google” လို့ ပြောပြီး Google Assistant ကို ခေါ်လို့ရတဲ့ Feature ကို ပိတ်ထားလိုက်ပါ။ အဆိုပါ Feature က Microphone ကနေ ခေါ်ဆိုတဲ့အသံကို အမြဲတမ်းနားထောင်နေတဲ့အတွက် Battery ကို ပိုစားစေပါတယ်။

3. Applications တွေကို အမြဲ Update ပြုလုပ်နေပါ။

Android Application တွေပဲဖြစ်ဖြစ်၊ iOS App တွေပဲဖြစ်ဖြစ် အမြဲတမ်း ၁ လကို ၁ ကြိမ်လောက်တော့ Update ပေးတတ်ကြပါတယ်။ များသောအားဖြင့် Update တွေဟာ Error Fix တွေနဲ့ Optimization ပိုကောင်းအောင် လုပ်ပေးတာဖြစ်တဲ့အတွက် ကိုယ့်မှာ ရှိတဲ့ Application တွေက Update မလုပ်တာအရမ်းကြာသွားပြီဆိုရင် ဖုန်းကိုပါ Battery ပိုစားလာစေမှာဖြစ်ပါတယ်။

4. “Lite” version Application တွေကို အသုံးပြုပါ။

Facebook ၊ Messenger လို Social Application တွေက Features အသစ်တွေ အမြဲတမ်းထည့်သွင်းနေတဲ့အတွက် ဖုန်းကို ပိုပြီး အလုပ်ပေးသလို ဖုန်းရဲ့ Battery ကိုလည်း ပိုစားစေပါတယ်။ အဲ့ဒီအတွက်ကိုယ်ကလည်း အဲ့ဒီ Features အသစ်တွေကို မလိုအပ်ရင် Facebook Lite, Messenger Lite, Twitter Lite အစရှိတဲ့ Lite Version App တွေကို သုံးတာက Battery ကို သိသိသာသာချွေတာနိုင်မှာပါ။

5. Greenify App ကို အသုံးပြုပါ။

Greenify Application ဟာ Android ဖုန်းမှာရှိတဲ့ နောက်ကွယ်မှာ Run နေတဲ့ Services တွေကို မလိုအပ်ရင် ရပ်ဆိုင်းပေးတဲ့ Application တစ်ခုဖြစ်ပြီး တကယ်လို့ ကိုယ့်ဖုန်းမှာ Background App တွေက Battery စားသုံးမှုများပြားနေတယ်ထင်ရင် သုံးသင့်တဲ့ Application တစ်ခုပါ။

6. Auto Brightness နဲ့ မသုံးပါနဲ့

လူအများစုက ဖုန်းကို ဝယ်ယူတဲ့အချိန်မှာ Brightness ကို Auto အနေနဲ့ပဲထားပြီး သုံးတတ်ကြပါတယ်။ အဲ့ဒါက အဆင်ပြေတယ်ဆိုပေမယ့် တကယ်တမ်း Battery ကို ပိုပြီးချွေတာချင်တယ်ဆိုရင်တော့ ကိုယ့်အတွက်အဆင်ပြေတဲ့ Brightness Level တစ်ခုပဲထားပြီး Auto Brightness ကို ပိတ်ထားတာက ပိုပြီးကြာရှည်ခံတဲ့ Battery Life ကိုရရှိမှာပါ။

7. Touch on Vibrate ကို ပိတ်ထားပါ။

Android ဖုန်းတွေမှာ Screen ကို Touch လုပ်လိုက်တာနဲ့ Vibrate ဖြစ်တဲ့ Function ပါဝင်ပါတယ်။ လူအများစုက အဲ့ဒီ Function ကို သဘောကျပေမယ့် Touch တစ်ချက်နှိပ်လိုက်တိုင်း Vibration Motor ကို အလုပ်ပေးနေတာဖြစ်တဲ့အတွက် Battery ကို ပိုကုန်စေတဲ့အချက်တစ်ခုပါ။

မူရင်း = Credit.
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

iCloud Account ကို Remove ပြုလုပ်နည်းကို Software မလို (7.1.2 Only)

iCloud Account ကို Remove ပြုလုပ်နည်းကိုကို အလိုရှိနေကြတဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

iPhone 4 ကိုလုပ်ပြထားတာပဲဖြစ်ပါတယ်၊ Software မလိုပါ
iOS Version (7.1.2 Only) ပဲဖြစ်ပါတယ်၊ လွယ်ကူပါတယ်။

ပြုလုပ်နည်းကို Instrcution စာရှည်မရေးနေတော့ပါ
Tutorial လုပ်ပြထားတာမို့ ဗွီဒီယိုင်ဖိုင်မာသာ ကြည့်လိုက်ပါ။
 
 How to remove icloud account without any software
================================
အားလုံးကို ကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

လာရောက်လည်ပတ်သူအားလုံးကို CKK-နည်းပညာ မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....

မန်ဘာဝင်ရောက်အားပေးပါနော်

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။

Latest Post

back to top