ကိုယ့် စမတ်ဖုန်းကို Battery ပိုခံအောင် ဘယ်လိုလုပ်ကြမလဲ?

ဘယ်လို စမတ်ဖုန်းကိုပဲဖြစ်ဖြစ် အသုံးပြုနေပါစေ၊ စမတ်ဖုန်းအသုံးပြုနေပြီဆိုထဲက အားကုန်သွားရင် Battery အားပြန်သွင်းရတာက အချိန်တစ်ခုပေးနေရတုန်းပါပဲ။ ဖုန်းဝယ်ထဲက Battery mAh ပိုများတာကိုရွေးဝယ်ထားတယ်ဆိုရင် Battery က ပိုခံမှာပေမယ့် အားပြန်သွင်းတဲ့အချိန်ကလည်း ပိုပေးရတတ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်စမတ်ဖုန်းကို Battery ပိုပြီး ကြာကြာခံအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

1. AMOLED Screen ဆိုရင် Wallpaper အမည်းရောင်ကိုပဲ အသုံးပြုပါ။

Samsung နဲ့ အခုနောက်ပိုင်း စမတ်ဖုန်းအချို့မှာ AMOLED Display တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး AMOLED Display ကို အသုံးပြုလာတာက Battery ကို ပိုပြီး ကြာရှည်ခံအောင် အလွယ်တကူပြုလုပ်လို့ရတဲ့အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ AMOLED Display တွေဟာ အမည်းရောင်ကို အလင်းမပေးတဲ့အတွက် Wallpaper အမည်း၊ Theme အမည်းရောင် သုံးလိုက်တာနဲ့ Battery ကို ချွေတာပြီးသားဖြစ်သွားပါပြီ။

2. Google ရဲ့ “OK Google” Command ကို ပိတ်ထားပါ။

သင်က Google ရဲ့ Personal Assistant ကို အသုံးမပြုနေဘူးဆိုရင် “OK, Google” လို့ ပြောပြီး Google Assistant ကို ခေါ်လို့ရတဲ့ Feature ကို ပိတ်ထားလိုက်ပါ။ အဆိုပါ Feature က Microphone ကနေ ခေါ်ဆိုတဲ့အသံကို အမြဲတမ်းနားထောင်နေတဲ့အတွက် Battery ကို ပိုစားစေပါတယ်။

3. Applications တွေကို အမြဲ Update ပြုလုပ်နေပါ။

Android Application တွေပဲဖြစ်ဖြစ်၊ iOS App တွေပဲဖြစ်ဖြစ် အမြဲတမ်း ၁ လကို ၁ ကြိမ်လောက်တော့ Update ပေးတတ်ကြပါတယ်။ များသောအားဖြင့် Update တွေဟာ Error Fix တွေနဲ့ Optimization ပိုကောင်းအောင် လုပ်ပေးတာဖြစ်တဲ့အတွက် ကိုယ့်မှာ ရှိတဲ့ Application တွေက Update မလုပ်တာအရမ်းကြာသွားပြီဆိုရင် ဖုန်းကိုပါ Battery ပိုစားလာစေမှာဖြစ်ပါတယ်။

4. “Lite” version Application တွေကို အသုံးပြုပါ။

Facebook ၊ Messenger လို Social Application တွေက Features အသစ်တွေ အမြဲတမ်းထည့်သွင်းနေတဲ့အတွက် ဖုန်းကို ပိုပြီး အလုပ်ပေးသလို ဖုန်းရဲ့ Battery ကိုလည်း ပိုစားစေပါတယ်။ အဲ့ဒီအတွက်ကိုယ်ကလည်း အဲ့ဒီ Features အသစ်တွေကို မလိုအပ်ရင် Facebook Lite, Messenger Lite, Twitter Lite အစရှိတဲ့ Lite Version App တွေကို သုံးတာက Battery ကို သိသိသာသာချွေတာနိုင်မှာပါ။

5. Greenify App ကို အသုံးပြုပါ။

Greenify Application ဟာ Android ဖုန်းမှာရှိတဲ့ နောက်ကွယ်မှာ Run နေတဲ့ Services တွေကို မလိုအပ်ရင် ရပ်ဆိုင်းပေးတဲ့ Application တစ်ခုဖြစ်ပြီး တကယ်လို့ ကိုယ့်ဖုန်းမှာ Background App တွေက Battery စားသုံးမှုများပြားနေတယ်ထင်ရင် သုံးသင့်တဲ့ Application တစ်ခုပါ။

6. Auto Brightness နဲ့ မသုံးပါနဲ့

လူအများစုက ဖုန်းကို ဝယ်ယူတဲ့အချိန်မှာ Brightness ကို Auto အနေနဲ့ပဲထားပြီး သုံးတတ်ကြပါတယ်။ အဲ့ဒါက အဆင်ပြေတယ်ဆိုပေမယ့် တကယ်တမ်း Battery ကို ပိုပြီးချွေတာချင်တယ်ဆိုရင်တော့ ကိုယ့်အတွက်အဆင်ပြေတဲ့ Brightness Level တစ်ခုပဲထားပြီး Auto Brightness ကို ပိတ်ထားတာက ပိုပြီးကြာရှည်ခံတဲ့ Battery Life ကိုရရှိမှာပါ။

7. Touch on Vibrate ကို ပိတ်ထားပါ။

Android ဖုန်းတွေမှာ Screen ကို Touch လုပ်လိုက်တာနဲ့ Vibrate ဖြစ်တဲ့ Function ပါဝင်ပါတယ်။ လူအများစုက အဲ့ဒီ Function ကို သဘောကျပေမယ့် Touch တစ်ချက်နှိပ်လိုက်တိုင်း Vibration Motor ကို အလုပ်ပေးနေတာဖြစ်တဲ့အတွက် Battery ကို ပိုကုန်စေတဲ့အချက်တစ်ခုပါ။

မူရင်း = Credit.
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

iCloud Account ကို Remove ပြုလုပ်နည်းကို Software မလို (7.1.2 Only)

iCloud Account ကို Remove ပြုလုပ်နည်းကိုကို အလိုရှိနေကြတဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

iPhone 4 ကိုလုပ်ပြထားတာပဲဖြစ်ပါတယ်၊ Software မလိုပါ
iOS Version (7.1.2 Only) ပဲဖြစ်ပါတယ်၊ လွယ်ကူပါတယ်။

ပြုလုပ်နည်းကို Instrcution စာရှည်မရေးနေတော့ပါ
Tutorial လုပ်ပြထားတာမို့ ဗွီဒီယိုင်ဖိုင်မာသာ ကြည့်လိုက်ပါ။
 
 How to remove icloud account without any software
================================
အားလုံးကို ကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

ဖုန်းကို ပိုပြီး မြန်စေဖို့ - Speedtest.net 3.2.42 Latest For Android

Android ဖုန်းအသုံးပြုများအတွက် အရမ်းကိုကောင်းတဲ့ Application တစ်ခုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဖုန်းလေးလန်နေရင် ပိုပြီး မြန်စေဖို့ ပြုလုပ်ပေးတဲ့ Android Application ဖြစ်ပါတယ်။ နောက်ပြီး အင်တာနက်ကို Speed အကောင်းဆုံးပုံစံနဲ့ အသုံးပြုစေ ပြုပြင်ပေးတဲ့ Application တစ်ခုဖြစ်ပါတယ်။ အသုံးပြုမယ်သူများအတွက် Android OS 2.2 အထက်ရှိဖုန်းများအားလုံးသုံးနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 12.45MB ဖြစ်ပါတယ်။
 
Credit - ဝင်းလှိုင်-နည်းပညာ
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

Samsung Galaxy ဖုန်းများတွင် Firmware ရေးသားသည့်အခါ Failed ဖြစ်နေခြင်းကို ဖြေရှင်းနည်း 100% [Hot Solution]

အခုတလော Hot နေတဲ့ Samsung Galaxy ဖုန်းများတွင် Firmware ရေးသားသည့်အခါ Failed ဖြစ်နေခြင်းကို ဖြေရှင်းနည်း တွေ့မိလို အလိုရှိနေကြတဲ့သူတွေအတွက် ပြန်လည်မျှဝေပါတယ်။
 
ပိုစ့်မရေးဖြစ်တာကြာပါပြီ မြန်မာပြည်ရောက်နေတာနဲ့ Up to Date New တွေကို မလေ့လာဖြစ်တဲ့
အပြင် ပိုစ့်လည်းမရေးဖြစ်ပါဘူး ပညာဒါနသင်တန်းတွေအတွက် ကြိုးစားနေရလို့
 
 gsmdevelopers ထဲကိုဝင်ကြည့်ဖြစ်တယ် Top New အနေဖြင့် တွေ့နေကြတာကတော့
အခုလက်ရှိမြင်နေရတဲ့ ခေါင်းစီးနဲ့ [Hot Solution] နည်းလမ်းပဲဖြစ်ပါတယ်။

အခုတလော အများစုကြုံတွေ့နေကြရတဲ့ Samsung Galaxy ဖုန်းများကို 
Firmware ရေးသားသည့်အခါ Binary မကိုက်ညီလို့စသည်ဖြင့် Firmware မှန်သော်ငြားလည်း Fail ပြနေခြင်းကို ဖြေရှင်းမယ်ဆိုရင်တော့ အောက်ပါအတိုင်း ဖြေရှင်းပေးနိုင်ပါတယ်။

၁။ ဖုန်းကို Firmware မရေးသားမီ ပထမဆုံး Download Mode ကိုဝင်လိုက်ပါ။
အောက်ပါပုံအတိုင်း မိမိဖုန်း၏ Device binary number ကိုစစ်ဆေးကြည့်ပါ။

၂။ မိမိဖုန်း၏ Download Mode မြင်နေရသည့် Binary number အတိုင်း တင်ယူမယ့်
ဖုန်း၏ Firmware Build No ကို ဒေါင်းလော့ရယူမှာပဲ ဖြစ်ပါတယ်။

ဥပမာ - မိမိဖုန်း၏ Download Mode တွင် Device Binary number က 2 ဖြစ်နေခဲ့တယ်ဆိုရင်
ဒေါင်းလော့ရယူမယ့် Firmware တွေကတော့ 2,3,4 စတဲ့ latest Build Firmware ကိုဒေါင်းလော့ရမှာပါ

ဘာကြောင့်လဲဆိုတော့ Binary number ကိုက်ညီတဲ့ Firmware File များသည် Success ဖြစ်ရန်အတွက်
compatibility လို့ခေါ်တဲ့ လိုက်ဖက်တဲ့ သို့မဟုတ် အံဝင်ခွင်ကျသော Firmware ဖြစ်နေကြလို့ပါပဲဗျာ...

အထက်ပါအတိုင်း Firmware ရေးသားမည့် မိမိဖုန်း၏ Download Mode တွင်ရှိသည့်
Device binary number ကိုက်ညီသည့် Firmware ကိုရေးသားနိုင်ပါမှ Fail ဖြစ်နေခြင်းကို
အဆင်ပြေပြေဖြင့် ကျော်ဖြတ်သွားနိုင်မှာပဲဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
 
Credit: Faruk_Patwary

http://forum.gsmdevelopers.com
ဇူးနစ်(နည်းပညာ)

အသစ်ထွက်လာတဲ့ Android ဖုန်းနှင့် Tablet တွေမှာအသုံးများတဲ့ - Viber 8.0.0.6 Latest for Android

ဒီနေ့တွက်လာ Android ဖုန်း tablet တွေအသုံးများနေတဲ့ Viber Version သစ်လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဒီနေ့ထွက်တာပဲရှိသေပါတယ်။ လူတိုင်းအတွက် မရှိမဖြစ်ဆိုရင်လည်းမမှားပါဘူး။ ဘာဖြစ်ဆိုတော့ Viber ဆိုတာ Online ရတာနှင့် Free call တိုင်းတပါးသို့ရောက်နေသော အမေအဖေတွေကို free call,free Chatting and free တိုင်းတပါးသို့ေ၇ာက်နေသော သူကိုတွေကို မြင်နိုင်ပါတယ်။ နောက်ပြီး ချစ်စရာ အရုပ်ကလေးတွေ ပါလာတာကိုတွေ၇ပါတယ်။ ဒါကြောင့် Update OR Version new သုံးချင်းသူများအတွက် အောင်မှာဒေါင်းနိုင်ပါတယ်။
 
Credit - ဝင်းလှိုင်-နည်းပညာ 
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
 
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

လာရောက်လည်ပတ်သူအားလုံးကို CKK-နည်းပညာ မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....

မန်ဘာဝင်ရောက်အားပေးပါနော်

မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။

Latest Post

back to top