Rootဆိုတာ ဘာလဲ?
  ROOT ဆိုတာမြန်မာလိုအမြစ်တူးခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ဥပမာပြောရရင
်ကျားကိုအတောင်ပန်တပ်ပေးတာပါ။
Androidဖုန်းတစ်လုံးမှာ ROOT မရှိရင်
ထောဂ်ကျနေတဲ့လူသားတစ်ယောက်လ
ိုပါပဲ။
ဘာလုပ်လုပ်စည်းနဲ့၊ ကမ်းနဲ့၊ သူတို့ခိုင်းတာပဲလုပ်၊ သူတို့ကျွေးတာပဲစားနေရတဲ့ဘ၀။
ROOT ဖောက်လိုက်တာဟာ ထောင်ဖောက်သလိုမျိုးပါ။စည်းကမ်းမဲ့သွားမယ်။ မိမိစိတ်တိုင်းကျ မိမိဘ၀ကိုချယ်လှယ်နိုင်မယ်။ အနာဂါတ်အိမ်မက်လှလှလေးတွေ မက်နိုင်မှာပါ။ ဒါကလည်းမိမိနဲ့လည်းဆိုင်ပါတယ်။ ထောင်ဖောက်ထွက်လာပြီး ပျက်စီးချင်ရာပျက်စီး၊ မိမိစိတ်အလိုကို မကောင်းတဲ့နေရာ၊ မဟုတ်တဲ့နေရာမှာ သွားဦးစားပေးမိရင်တော့ မိမိဘ၀(မိမိဖုန်းဘ၀)ဟာ ပျက်စီးတော့မှာပေါ့။
ထို့ကြောင့် ROOT ဖောက်ပြီးလျှင်ကောင်းမွန်စွာ အသုံးချပါ။ မသိလျှင်ရမ်းမလုပ်ပါနဲ့။
အစားမတော်တစ်လုပ်၊ အသွားမတော
်တစ်လှမ်းပါပဲ။ တစ်ကွက်မှားတာနဲ့ဖန်လုံး
( FIRMWARE )ကျသွားမှာပါ။
ဖန်လုံး(Firmware)ကဘာတုန်း?
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖန်လုံးဆိုတာဘာလဲဆိုတော့ ကျွန်တော်လည်းမပြောတတ်ဘူးဗျ။ 
ဥပမာပြောပြရင် ဖန်လုံးကို အူကလီစာ၊ အသည်းနှလုံးလို့ပဲ မှတ်ယူကြရအောင်ဗျာ။
ဖန်တစ်လုံးကို မိမိကကလိလို့ တစ်ကွက်မှားသွားလို့ အူမကြီးတစ်ချောင်းကို သွားထိမိရင် အဲ့ဒီဖုန်းက ဆန့်ငင်ဆန့်ငင်နဲ့ ဖုန်းပြန်မပွင့်လာတော့ပါဘူး။
ဒီလိုအချိန်မျိုးမှာဆို ကျွန်တော်တို့က အူကလီစာအတွဲလိုက်လဲပေးရပါတော့မယ်။ မလဲပေးရင်အသက်မရှင်တော့ဘူးလေ။ ဒါကြောင့်အူကလီစာကို အသစ်ပြန်လဲပေးရတာပေါ့ တစ်ချို့ကျတော့လည်း အူကလီစာကို 
အသစ်လဲတဲ့အနေနဲ့ နေရင်းထိုင်ရင်း သွင်းနေကြတာရှိပါတယ်။
 ROOT ဖောက်တယ်ဆိုတော့ အဲ့ဒီ့အူကလီစာကိုပါ ကလိခွင့်
ရသွားပါတယ်။ ကလိတတ်ရင်တော့ အဲ
့ဒီ့အသည်းနေရာမှာ 
ရိုးရိုးအသည်းထည့်မလား၊ ရှယ်အသည်းထည့်မလား ဒါမှမဟုတ် အူကလီစာကို ရွှေချမလားပေါ့။
မကလိတတ်ရင်တော့ အပေါ်မှာပြောသလို အူပြတ်ပြီးသေတတ်ပါတယ်။
ဖန်လုံးကိုဘယ်မှာရနိုင်မလဲ?
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဖန်လုံးဘက်မှာဆိုရင် Samsungက ရှာရလွယ်ကူပါတယ်။SamMobileဆိုတာ အူ
ကလီစာတွေရောင်းတဲ့ကုန်တိုက်
ကြီးတစ်တိုက်ပေါ့။SamMobileဆိုင်မှာမွှေနှောက်
ပြီးရှာနိုင်ပါတယ်။ဒါမှမဟုတ
်google ဆိုတဲ့လမ်းဘေးဆိုင်မှာကိုယ့်ဖုန်းရဲ့နာမည်
ဥပမာ Stanley Cnရဲ့အူကလီစာအတွဲဝယ်မယ်လို့သာရေးထည့်လိုက်ပါ အစု
လိုက်အပြုံလိုက်မှိုလိုပေါက်
အောင်ထွက်လာမှာပါ။ဒါကိုက Samsungဖုန်းရဲ့ အားသာချက်ပေါ့ဗျာ။တရုတ် android
ဖုန်းတွေအတွက်ကလီစာအတွဲရှာမယ်
ဆိုရင်အဲ့ဈေးတန်းမှာပျောက်
သွားတဲ့ပိုက်ဆံလိုပါပဲ။ပြန်တွေ့ချင်ပြန်တွေ့မယ်။မတွေ့
ချင်မတွေ့ဘူးပေါ့ဗျာ။တွေ့သွ
ားတဲ့လူကလည်းမသိမသာသိမ်းထားတာမျိုးရှိတာပေါ့။
 ဖန်လုံးကနိုင်ငံအမျိုးမျိုးရှိလား?
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သိပ်ရှိတာပေါ့ဗျာ။ထိုင်းကလီစာအတွဲက မြန်မာတွေနဲ့အသင့်တော်ဆုံးပဲဗျ။သူက
Version အမြင့်ဖုန်းတွေဆိုမြန်မာဘာသ
ာ တောင်းပါလိုက်သေးတယ်။ထိုင်းကလီစာ
ယူမလား၊ဗီယက်နမ်ကလီစာယူမလား
၊အိန္ဒယကလီစာယူမလား၊ဂျာမဏီကလီစာယူမလားအမျိုးမျိုးရှိပါတယ်။
ခုဏပြောတဲ့Versionကဘာလဲ?
 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဪ versionဆိုတာ မြန်မာလိုအဆင့်လို့ပဲမှတ်ယူထားဗျာ။ဥပမာ သူကြီးပြီးတော့
သူကြီးသားပေါ့။သူကြီးသားပြီ
းတော့ သူ့တပည့်လူမိုက်တွေပေါ။
အဆင့်အတန်းပေါ့ဗျာ။ဟော့
Androidမှာဆို version2.3.6ယူမလား 4.1.2ယူမလား 4.2.2ယူမလား 4.3,4.4.2,4.4.4ယူမလား အဆင့်အတန်းများစွာ ခွဲခြားထားပါတယ်။အရင်ကဆို 4.4.4က
သမ္မတပေါ့ဗျာ။အခု5.0ထွက်လာတော့ 5.0ကသမ္မတဖြစ်သွားပါတယ်။Version
4.4.2အတွက်ဆို ROM တွေတောင်ထွက်ရှိနေပါပြီ။ ကိုယ့်ဖုန်းကိုနဂိုဝယ်လာတဲ့ပုံတုံးကြီးနဲ့မကြည့်ချင်တော့ဘူးဆို အခြားနာမည်ကြီးတဲ့ဖုန်း S5
တို့Note3 တို့အဲ့ဖုန်းတွေရဲ့ ROM လေးတွေတင်ပြီး ကိုယ့်ဖုန်းလည်းလန်းနိုင်ပါပြီ။ ဒါတောင်Samsungမှ ရတာနော်။
ROOT အကြောင်းသိလောက်ရောပေါ့။
Android ဖုန်းတစ်လုံး ကိုင်ဆောင်ထားတဲ့သူဟာ ROOT ဖောက်ထားမှသာ 
စိတ်ကြိုက်လုပ်ဆောင်နိုင်ပြီး စပယ်ရှယ်အကောင်းဆုံး software တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 
တစ်ချို့က ROOT ဖောက်တာကို မြန်မာစာထည့်ဖို့ တစ်ခုထဲအတွက်ပဲ သိထားကြတယ်။ 
မပိုင်ဆိုင်သေးပါဘူး။ ROOT ဖောက်ပြီးမှသာစိတ်ကြိုက် system အတွင်းပိုင်းထိ ၀င်ကလိ၊ ၀င်ပြီးပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ ROOT ဖောက်လိုက်ရင် ကိုယ့်ဖုန်းကိုလုပ်တတ်လျှင် 
လုပ်တတ်သလောက် ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။ ROOT ဖောက်ပြီး
 မြန်မာဖောင့်သွင်းတယ်ဆိုတာကလည်း System fount floderထဲကို
ဇော်ဂျီဖောင့်သွင်းတာပေါ့ဗျာ။ အဲ့ System ထဲဝင်ဖို့က ROOT ဖောက်ထားမှဖြစ်မှာမို့ပါ။ 
ROOT ဖောက်ထားလို့ရမယ့် အကျိုးကျေးဇူးတွေကတော့ တစ်ပုံကြီးပါ။ ဆိုးကျိုးကတော့ 
ဝယ်လာတုန်းက ရခဲ့တဲ့အာမခံချက်လေး ပျက်သွားမှာပါ။ တော်ရုံ Facebookသုံး၊ ဗွီဒီယိုကြည့်ရုံလေးဆိုရင်တော့ ROOT ဖောက်စရာမလိုပါဘူး။
Setting/Display/font style မှာ သွားချိန်းပေးရုံပါပဲ။ 
ဒါတောင် Browser,google,You tube,Myanmar apk တွေမှာ မြန်မာလို မြင်ရမှာမဟုတ်ပါဘူး။ROOT ဖောက်ပြီး မြန်မာစာရရှိလာခြင်းဟာ ROOT ဖောက်လို့ရရှိလာမယ့် 
အကျိုးကျေးဇူးရဲ့ ၁ ရာခိုင်နှုန်းသာရှိပါတယ်။ ကုန်ကုန်ပြောရရင် ROOT ဖောက်စေချင်တယ်။Android စက်ရုပ်ဖုန်း ROOT မရှိတာဟာ ဆားမပါတဲ့ ဟင်းချိုတစ်ခွက်ကို သူများရှေ့မှာ 
အိုက်တင်ခံပြီး ထိုင်သောက်ပြနေရသလိုပါပဲ။ ROOT မရှိတဲ့ဖုန်းဟာ လေဖြတ်နေတဲ့သူတစ်ယောက်လို၊
အင်တာနက်မရှိတဲ့ ကွန်ပျူတာတစ်လုံးလိုပါပဲ။
ဒီမှာတစ်ခုပြောချင်တာက တစ်ချ
ို့က ROOT ဖောက်လိုက်ရင်
 ဆိုးကျိုးတွေ အများကြီးရှိလာနိုင်တယ်လို့ ထင်နေကြတယ်။ ROOT ဖောက်လို့ဆိုးကျိုးမရှိပါဘူး။
ROOT မမှန်ရင်သာ ဆိုးကျိုးရှိနိုင်တာပါ။ ROOT ဖောက်လို့ဆိုးကျိုးရှိမယ်ဆို ROOT ဆိုတဲ့
ဝေါဟာရပေါ်လာမှာ မဟုတ်ပါဘူး။ တစ်ချို့က ROOT ဖောက်ချင်ရင် Promyanmar Root တို့
V Root တို့ Baidu Root အစရှိတဲ့ တရုတ် ROOT ဖောက်တဲ့ software တွေကိုအသုံးပြုပြီး ဖောက်ကြပါတယ်။ ပြသနာကတော့ ဒီမှာပါပဲ ။တရုတ် software တွေနဲ့ အလွယ်လိုက်ပြီး ROOT ဖောက်ခြင်းဟာ ရေရှည်မှာဆိုးက်ျိုးများပါတယ်။ ဘတ္ထရီပိုပူလာမယ်၊ အကုန်မြန်လာမယ်၊ ဖုန်းလေးလာမယ်၊ ထစ်လာမယ်၊
ဟန်းလာမယ်၊ တွေးကြည့်ရင် အများကြီး အများကြီး။ သေချာလေ့လာကြည့်ရင် မသင့်တော်ပါဘူး။
ကိုယ့်ဖုန်းကို ကိုယ်ချစ်တယ်။ ရေရှည်မှာ ကောင်းကောင်းသုံးချင်တယ်ဆိုရင်ပေါ့။ 
တရုတ် Android စက်ရုပ်ဖုန်းတွေကိုတော့ မပြောလိုပေမယ့် 
Samsung လိုအကောင်းစားဖုန်းတွေကို တရုတ် software တွေနဲ့ ROOT မဖောက်ပါနဲ့။
Samsung ကိုတရုတ်နဲ့ဖောက်ခြင်းဟာ ကိုယ့်သမီးကို ကုလားနဲ့ပေးစားတာနဲ့အတူတူပါပဲ။
Samsung ဖုန်းများကို ဖြစ်နိုင်လျှင် ကွန်ပျူတာအသုံးပြုပြီး Online ကတစ်ဆင့် 
CF Auto Root နဲ့ပဲ ROOT ကြပါလို့အကြံပေးချင်ပါတယ်။
Samsung ကို မှန်ကန်သော ROOT ဖောက်နည်းနောက်တစ်မျိုးက 
CWM သွင်းပြီး Root Zip ဖိုင်ကို CWM ကနေ Installe နည်းပါပဲ။ ကွန်ပျူတာ
အခက်အခဲရှိရင်တောင် ဆိုင်မှာလုပ်ခိုင်းသင့်ပါတယ်။ တရုတ် Software တွေနဲ့ အလွယ်လိုက်ပြီး
ဖောက်လိုက်လို့ ရေရှည်မှာပြသနာ Error တက်ရင်
 ROOT ကြောင့်လို့တစ်ချို့က ထင်တယ်။ အမှန်တော့ကိုယ့်အမှားပါ။ 
တစ်ချို့ကဖုန်းကို ROOT ဖောက်ပြီးလျှင် ဖုန်းပိုပူလာတယ်၊ ပိုထစ်လာတယ်ဆိုပြီး
Unroot software တစ်ခုခုနဲ့ ROOT ပြန်ထုတ်တတ်ကြတယ်။ ဒါမှားပါတယ်
မ ROOT ခင်ကသေချာစဉ်းစားရမှာ ဖြစ်ပါတယ်။ ROOT ပြီးသားဖုန်းတစ်လုံးကို 
Unroot ပြန်လုပ်ယုံနဲ့ ဘာအကျိုးကျေးဇူးမှ ရရှိလာမှာမဟုတ်ပါဘူး။ 
သဘောက အိုပြီးသွားတဲ့အပျိုတစ်ယောက်ဟာ ပြန်မပျိုတော့ပါဘူး။
ROOT  မကြိုက်လို့ ROOT ပြန်ဖြုတ်ချင်ရင် Firmware သာ အသစ်ပြန်တင်လိုက်ပါ။
ဒီတစ်နည်းပဲရှိပါတော့တယ်။ စက်ရုပ်ဖုန်းလက်ဝယ်ကိုင်ဆောင်ထားလျှင်
ROOT ဖောက်ကြပါ။ ဒါမှသူများလန်းသလို ကိုယ်လည်းလန်းမယ်။ 
စိတ်ကြိုက်ချယ်လှယ်နိုင်မယ်။ စိတ်ကြိုက် Software သုံးနိုင်မယ်။
အသိပညာဗဟုသုတ တိုးပွားမယ်။ 
ဒါပေမယ့်....ROOT နည်းမှန်ပါစေ။
Credit to ဇင်ထွန်းကျော်
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ
မိုးကြိုးနှင့်မိုဘိုင်း ဖုန်း ဆက်စပ်နေသလား?
မိုးကြိုးနှင့်မိုဘိုင်း ဖုန်း ဆက်စပ်နေသလား။
*******************************
လုံး ၀ ဆက်စပ်မှု မရှိပါ ။
ဖုန်းတွေရဲ့ ရေဒီ ဝေ့ ကို မိုးကြိုးက လိုက်ပါပြီး လူတွေ ကို ထိခိုက် နိုင်တယ်ဆိုတာ မတွေ့ ပါဖူး။
The belief that lightning can follow the radio waves is completely unfounded
                                              Shiv Agarwal (Stanford University) 
ကျွန်တော် တို့ လျပ်စစ် အင်ဂျင်နီယာများ ကတော့ မိုးကြိုး အကြောင်း လေ့ လာရတော့ လုံး ဆက်စပ် မှု မရှိ ဖူးဆိုတာ သေချာပေမဲ့တချို့ သတင်းများကြောင့်  ပြည်သူ အများကတော့ မိုးကြိုး မုန်တိုင်းထဲ မှာ ဖုန်းပြော ရမှာကြောက်လာ ပြီး ဖုန်းတွေ ပိတ်လာတဲ့ အထိ စိုးရိမ် လာပါတယ် ။တော်တော် များများလဲ မေးလာကျပါတယ် ။ အဲတော့ ရရှိလာတဲ့ information တွေ ကို ရေးပြလိုက်ပါတယ်။
ဆက်စပ်မှု မရှိဖူး ဆိုတာ သက်သေ ပြတာ ကတော့ ကျွန်တော် မဟုတ်ပါဖူး အပြည်ပြည် ဆိုင်ရာ က အဖွဲ့ အစည်း လူကြီး မင်း များ ဖြစ်ပါတယ်။ 
Stanford University, က Spring 2012 မှာ cell phone တွေ က Lightning ကို ဆွဲဆောင် မှု မရှိကြေင်း သက်သေ ပြခဲ့ပါတယ်။
Dr Cooper   က cell phone  တွေကြောင့် မိုးကြိုးပြစ်ခံ ရတယ်ဆိုတဲ့ internet hoax ( မမှန် မကန် သတင်းတွေ ) ပြန့်နှံ့ခဲ့ပြီး နောက်ဆုံး လူတွေ ကြားမှာ ယုံ ကြည်ခဲ့ပါတယ်တဲ့။အဲ ဒါ ကလုံး ၀ မဟုတ်ပါဖူး လို့ ပြောပါတယ်။ ပြသနာ က လူတွေ က မစူးစမ်း ပဲ ယုံကြည်ခဲ့ပြီး တယောက် နဲ့ တယောက် သတိတွေ ပေးခဲ့ ပြီး လုံး ၀ ယုံကြည် ရတဲ့ ပုံပြင် ဖြစ်ခဲ့ပါတယ်။ 
ဒါဆို မိုးကြိုး ပြစ်ခံရတဲ့ ဖုန်းပြောသူတွေ ကရော ။ ဘယ်လိုလဲ။ ဘာကြောင့်လဲ ။ 
ဒါကတော့ရှင်းပါတယ် ။ မိုးကြိုးဆိုတာ မြေပြင် က အမြင့်ဆုံး ထိုးထိုး ထောင်ထောင်တွေ ကို ပြစ်တာပါ ။ ဒါကြောင့် မိုးကြိုး မုန်တိုင်း အချိန်မှာ ဖုန်းပါသည် ဖြစ်စေ မပါသည် ဖြစ်စေ ကွင်းပြင်ထဲ သွားရင် ပြစ်မှာပါပဲ ။
ပြသနာ အစက 2006 report in the British Medical Journal ကြောင်လို့ပြောတယ်။ 
အဲ သည့် မမှန် သတင်းတွေ ပြန့် ခဲ့တာမို့ လူတွေ အထိတ် တလန့် မဖြစ်အောင်  the US National Oceanic and Atmospheric Administration (NOAA) အသင်းကြီး က ဖုန်းတွေ နဲ့ မိုးကြိုး ဆက်စပ် မှု မရှိကြောင်း ကြေညာခဲ့ ပါတယ်။
John Jensenius, ( NOAA National Weather Service lightning expert ) က ပြောတာကတော့ လူတွေ ကို မိုးကြိုးပြစ်တာ ဖုန်း နဲ့ မဆိုင်ပဲ နေရာမှား အချိန်မှားလို့ လို့ ( wrong time wrong place )  ပြောပါတယ်။
နေရာမှားတာ က ကွင်းပြင်ထဲ ရောက်နေတာရယ် အဲဒီအနီးအနားမှာ မိုးကြိုးမုန်တိုင်း ဖြစ်နေတာရယ်ကြောင့်ပါတဲ့ ။ 
Australian Lightning Protection Standard  အသင်းကြီး ကလဲ mobile phones တွေ ကို မိုးကြိုး မုန်တိုင်း အတွင် မှာ မသုံးနိုင်ဖူး ဆိုတာ မှားကြောင်း နဲ့  ပြသနာ စခဲ့တဲ့  2006 report in the British Medical Journal ရဲ့ report ကမှားကြောင်း   ကြေ ညာ  ခဲ့ပါတယ်။
ကျွန်တော် ရဲ့နောက်ဆုံး comment ကတော့ မိုဘိုင်း ဖုန်းပြော လို့ မိုးကြိုး ပြစ်တာ မဟုတ်ကြောင်း မိုးကြိုး ကိုရှောင် လွဲ ဖို့ မိုးရွှာ နေချိန် မှာ ကွင်းပြင်ထဲ ကို မသွား ဖို့ တနည်းသာ ရှောင် ကြည် နိုင်ကြောင်း အတွေ့ အကြုံ အရ တင်ပြလို က်ပါတယ်။
အိမ်ထဲကနေ မိုး ဘယ်လောက်ရွာရွာ ဖုန်းပြောတာ ဟာ မိုးကြိုး အန္တာရာယ်  လုံး ၀ အန္တာရာယ် မရှိပါ ဖူး။ 
တခုပဲ ရှိပါတယ်ဖုန်း  ဘေ တော့ ကုန်ပါမယ်။
( မိုးကြိုး ဘာကြောင့် ပြစ်ရတယ်ဆိုတာ ရေးခဲ့ ပြီးပါပြီ ) 
ဖတ်ရှု အတွက်ကျေး ဇူးတင်ပါတယ်။
ကျော်ဦး
Oil and Gas Electrical Engineer 
US National Oceanic and Atmospheric Administration (NOAA) issued a statement, saying lightning is not attracted to people carrying mobile phones.
“Cell phones, small metal items, jewellery, etc., do not attract lightning. Nothing attracts lightning. Lightning tends to strike taller objects,” said John Jensenius, a NOAA National Weather Service lightning expert. “People are struck because they are in the wrong place at the wrong time. The wrong place is anywhere outside. The wrong time is anytime a thunderstorm is nearby.”
Dr Cooper also points out that:
“No lightning danger is inherent to cellular phones. Although many reports of lightning injuries involve people who are using cell phones, these reports represent the ubiquity of cell phone usage and of their users' inattentiveness to weather conditions and have nothing to do with the phones themselves.”
The concern that mobile phones attract lightning was first raised a number of years ago in an internet hoax and is now a recognized urban myth. According to safety authorities, people who are outside increase their risk of being struck if they are on high ground, or in an open space, or near a body water or near large metallic structures or trees. These factors are more important to safety in an electrical storm than the use of a mobile phone. Mobile phones are low power devices and do not have any characteristics which would make them attractive to lightning strikes. Nowadays, nearly everyone carries a mobile-phone, and so it is blamed when anyone is struck by lightning.
credit.kyaw oo
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ
ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်
ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်
နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။အဲ့အချိန်မှာ သူသူငါငါအရမ်းဒေါပွမိတာ အမှန်ပါပဲ.... အဲ့လိုဟန်းနေရင် ဒီလိုလေးလုပ်ပေးပါ.....
➱(၁) Window + R ကို တွဲပြီး နှိပ်ပါ။
➱(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
➱(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
➱(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
➱(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
➱( ၆ ) cookies ရိုက် Selsct all( Ctrl+A )လုပ် ( Shift +Delete )ဖျက်ပြစ်လိုက်ပါ။
 နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။
IPhone နားကြပ်ရဲ့ လူသိနည်းတဲ့ အမိုက်စားစွမ်းဆောင်ရည်များ
သင့်အနေနဲ့ Apple က ထုတ်လုပ်ထားတဲ့ iPhone နားကြပ်ကို ရိုးရိုးနားကြပ်တစ်ခုလို့ပဲ မြင်မိမှာပါ။ တကယ်တော့ iPhone နားကြပ်မှာ လူသိနည်းနေသေးတဲ့ စွမ်းဆောင်ရည်တွေ အများအပြားရှိနေပါတယ်။ ဒီလို လျို့ဝှက်နေတဲ့ စွမ်းဆောင်ရည်တစ်ချို့မှာ အခရာပရိသတ်တွေအတွက် တော်တော်အသုံးတည့်မယ့် စွမ်းဆောင်ရည်တွေလည်း ပါနေသေးတာကြောင့် အခုပဲ လေ့လာကြည့်လိုက်ရအောင်။
Calls များစွာကို လက်ခံဖြေဆိုနိုင်ခြင်းလူတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့အချိန်မှာ တစ်ခြား အက်ပလီကေးရှင်းကနေ ဖုန်းဝင်လာတာမျိုးတွေဖြစ်လာတဲ့အခါ စိတ်ပူစရာမလိုပါဘူး။ ဖုန်းပြောနေတဲ့အချိန်မှာ iPhone နားကြပ်ရဲ့ အလယ်ခလုတ်ကို ဖိထားပြီး calls တွေကို တစ်ပြိုင်တည်း လက်ခံဖြေကြားနိုင်မှာပါ။
Siri ကို Activate ပြုလုပ်နိုင်ခြင်းiPhone တွေမှာ ပါဝင်တဲ့ ကိုယ်ရေးလက်ထောက် Siri ကိုလည်း နားကြပ်ကနေ တိုက်ရိုက်ခိုင်းစေအသုံးပြုလို့ရပါတယ်။ သင့်အနေနဲ့ Siri ကို ခေါ်ချင်တယ်ဆိုရင်တော့ နားကြပ်ရဲ့ အလယ်ခလုတ်ကို ခဏဖိထားလိုက်တာနဲ့ Siri တက်လာမှာဖြစ်ပြီး ကိုယ်ခိုင်းချင်တာကို အသံနဲ့ တိုက်ရိုက်ခိုင်းစေနိုင်မှာဖြစ်ပါတယ်။
သီချင်းကျော်တာနဲ့ရပ်တာiPhone နားကြပ်မှာပါတဲ့ အလယ်ခလုတ်ကို နှစ်ချက်ဆင့်နှိပ်ပြီး သီချင်းကို ကျော်လို့ရသလို တစ်ချက်တည်းနှိပ်ပြီး သီချင်းနားထောင်နေတာကို ရပ်တန့်နိုင်ပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးသားလုပ်ဆောင်ချက်ဖြစ်ပါတယ်။
နားကြပ်နဲ့ ဓာတ်ပုံရိုက်ကူးဖို့ စေခိုင်းနိုင်မှုSelfie Stick တွေလိုမျိုးပါပဲ။ သင့်အနေနဲ့ ဖုန်းကင်မရာကို ဖွင့်ထားချိန်မှာ နားကြပ်က အသံအတိုး/အလျှော့ခလုတ် တစ်ခုခုကို နှိပ်လိုက်တာနဲ့ ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
သီချင်းကို အစက ပြန်နားထောင်နိုင်ခြင်းသင့်အနေနဲ့ သီချင်းကို အစကနေ ပြန်ပြီးနားထောင်ချင်တယ်ဆိုရင်တော့ နားကြပ်မှာပါဝင်တဲ့ အလယ်ခလုတ်ကို သုံးချက်နှိပ်လိုက်တာနဲ့ သီချင်းအစကို ပြန်ရောက်သွားမှာဖြစ်ပါတယ်။
သီချင်းအရှေ့ကိုရစ်လို့ရခြင်းသင့်အနေနဲ့ သီချင်းကို ရစ်ချင်ရင် (Fast-Forward ပြုလုပ်ချင်ရင်) အလယ်ခလုတ်ကို နှစ်ချက်ဆက်တိုက်နှိပ်ပြီးတာနဲ့ ဖိထားလိုက်ပါ။ ဒါဆိုရင် သီချင်းကို ရစ်ပြီးနားထောင်နိုင်မှာဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုမှုကို ပယ်ချနိုင်ခြင်းသင့်အနေနဲ့ ဘတ်စ်ပေါ်ရောက်နေလို့ဖြစ်ဖြစ် မအားလို့ဖြစ်ဖြစ် ဖုန်းဝင်လာတာကို လက်မခံချင်ရင် နားကြပ်အလယ်ခလုတ်ကို နှစ်စက္ကန့်ဖိထားလိုက်တာနဲ့ Call Reject အလိုအလျောက် ပြုလုပ်ပေးသွားမှာပါ။
မူရင်း = Credit ပါ။
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )
ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 
ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။
အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ
လာရောက်လည်ပတ်သူအားလုံးကို CKK-နည်းပညာ မှ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....
မန်ဘာဝင်ရောက်အားပေးပါနော်
မင်္ဂလာပါနော် Link သေနေတာတွေ့ရင်စာချန်ခဲ့ပေးပါနော် ။ အခုလိုလာရောက်ဖတ်ရှု့ပေးတဲ့အတွက်​ အထူးကျေးဇူးတင်ရှိပါသည်။ CKK - နည်းပညာ ၊ ရိုးရှင်းသောနည်းပညာများကို ဆန်းသစ်စွာတင်ဆက်မည် ။
Latest Post