Windows 8.8.1 တွေမှာ Refresh ပြုလုပ်နည်း
=========================
Windows 8.8.1 တွေမှာ Refresh ပြု လုပ်နည်းကိုမစတင်မှီ ဘာကြောင့်ပြု
လုပ်ရတာလဲ ဘာအတွက်လဲ ဘာလို့ပြု လုပ်သင့်သလဲ
ပြုလုပ်လို့ကော ဘာဖြစ်လာနိုင်သလဲ စတဲ့ မေးခွန်းမျိုး ကိုပထမဆုံး
စဉ်းစားရမယ့်အပိုင်းပါ ဘာကြောင့်ပြုလုပ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး
ကျနော်နားလည်သလောက် သို့မဟုတ် ကြုံ တွေ့ခဲ့ရတဲ့ ပြသနာများနဲ့
လက်လှမ်းမှီသလောက်ကို အနည်းငယ်ရှင်းပြရှင်းပြချင်ပါတယ်။
အဖြစ်အများဆုံးတစ်ခုကတော့
Windows 8.8.1 တွေမှာ Automatic Repair ဖြစ်တာမျိုး ပြီးတော့ USB
မှတစ်ဆင့်ကူးစက်လေ့ရှိတဲ့ Shortcut Virus ကြောင့်Folder တွေ
ထပ်ဆင့်ပွားနေပြီး
တစ်ချို့  File & Folder တွေ ပျောက်ပျစ်စီးသွားတာမျို
း မသုံးတတ်သေးခင် အင်တာနက်အသုံးပြု နေတုန်း အင်တာနက်ပေါ်မှ လာတဲ့ Trojan
Virus စတဲ့ အင်တာနက် Virus တွေကြောင့် ကွန်ပျူ တာဟာ Crack
ဖြစ်ပြီးကြောင်အန်းနေပြီး ဘာမှလုပ်မရပဲ စက်ကလေးလန်းနေတာမျိုးနောက်ဆုံး
ဘာထိဖြစ်လာသလဲဆိုတော့ Start Menu ကိုတော့ ဖေါ်လို့ရပေမယ် Change PC Setting
တွေကို ၀င်လို့မရတော့ပဲ ဖြစ်နေတတ်မျိုး ပြီးတော့ သုံးလက်စ Windows ကြီးက
ကြာလာတော့ မြန်ဆန်မှုနည်းလာတယ် အသုံးပြု ရတာမကောင်းတော့ အင်စတောလုပ်ထားတဲ့
ဆော့ဝဲတွေက များလာပြီး ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး
ပြသနာပေါင်းသောင်းခြောက်ထောင် ဖြစ်နိုင်ရင် Windows အဟောင်းကို လဲပြီး
အသစ်တင်ပြီး သုံးချင်လာတဲ့အခါ ပြီးတော့ တစ်ချို့ မှာ Windows 8.8.1 တွေက
ကွန်ပျူ တာဝယ်လာကတည်းက Original Windows ဖြစ်နေတယ် ဆုံးရှုံးသွားမှာလည်း
နမြောတယ် အသုံးပြု လို့ကလည်း အရင်လို အဆင်မပြေတော့ဘူး
မလဲမဖြစ်လဲရတော့မယ့်အချိန်မျိုးမှာတော့ ဒီနည်းလမ်းနဲ့ ဖြေရှင်းယူရမှာပဲ
ဖြစ်ပါတယ်။
အပေါ်မှာ ရှင်းပြခဲ့ပြီးဖြစ်တဲ့ Windows နဲ့
နေစဉ်ပြသနာတွေက ပျမ်းမျှပဲရှိပါသေးတယ် တစ်ခြားသော ကိုယ်မသိသေးတဲ့
ပြသနာပေါင်းများစွာကိုဖြေရှင်းပြီး ဆိုင်က၀ယ်လာတဲ့ အတိုင်း Windows
Original ဆိုလည်း ပကတိအတိုင်းပေါ့ Windows Copy
ဆိုရင်လည်း ၀င်းဒိုးတင်ခါစအတိုင်းလို ပြန်ရယူချင်တယ်ဆိုရင်တော့ ဒီ Refresh
လုပ်နည်းကို လုံးဝသိထားရတော့မှာ ဖြစ်ပါတယ်၊ ဒီ Refresh လုပ်နည်းက အထက်ပါ
ပြသနာများ အားလုံးကို ဖြေရှင်းပေးနိုင်အောင် Microsoft က ဒီ Windows 8.8.1
ရဲ့ Feature မှာ အသုံးပြု သူတွေအတွက် သီးသန့်ထည့်ပေးလာတာ ဖြစ်ပါတယ်။
အခုလောက်ဆိုရင်တော့
အပေါ်ကမေးခွန်းများအတွက် ပြီးပြည့်စုံတဲ့ အဖြေမျိုး မဟုတ်ရင်တောင်မှ
နေ့စဉ်ကြုံ တွေ့နေရတဲ့ ပြသနာများအတွက်တော့ လုံလောက်ပြီလို့ ထင်ပါတယ်။
ဒါကြောင့် သင့်အတွက် ဒီလောက်အရေးကြီးပြီး ကွန်ပျူ တာပြသများအတွက် ဆရာမလိုပဲ
ဆိုင်ကိုသွားပြစရာမလိုပဲ ကိုယ်တိုင်ကိုယ်ကျ စနစ်တကျ ဖြေရှင်းနိုင်အောင်
သိထားသင့် တတ်ထား သင့်တာမို့ အောက်မှာ စတင်လေ့လာကြည့်ရအောင်ပါ။
Windows 8.8.1 ကို တကယ်လို့ Refresh တစ်ခုပြု လုပ်တော့မယ်ဆိုရင်တော့
သင့်ကွန်ပျူ တာမှာ ရှိတဲ့ ဆော့ဝဲများနဲ့ အရေးကြီးတဲ့ Data များကို အရင်ဦးဆုံး
တစ်ခုခုနဲ့ သိမ်းဆည်းထားလိုက်ပါခင်ဗျား အကုန်လုံး အသစ်လိုဖြစ်သွားမှာဖြစ်တဲ့
အတွက် အရေးကြီးတဲ့ Personal Data များကို တစ်ခြားတစ်ခုမှာ သိမ်းဆည်းထားပေးပါ။
Windows 8.8.1 တွေမှာ Refresh ပြု လို့ဖို့ရန်အတွက်ကတော့
ကွန်ပျူ တာကီးဘုတ်ထဲမှာ Windows Logo လေးနဲ့ပါတဲ့ ကီးကိုတစ်ချက်
နှိပ်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။
Start Menu ထဲကနေ သွားရမှာဖြစ်တဲ့အတွက် ညာဘက်ထောင့်လေးကို
မောက်စ့်လေးကို ရွေ့လိုက်ပါ အောက်ကပုံအတိုင်း ပေါ်လာလာပါလိမ့်မယ်။
Change PC Setting ထဲကိုသွားရမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း
Start Menu မှ Setting ကိုတစ်ချက်နှိပ်လိုက်ပါ။
Setting ကိုတစ်ချက်နှိပ်လိုက်တဲ့အခါ အောက်ပုံအတိုင်း Change PC Setting
ဆိုပြီး ပေါ်လာပါလိမ့်မယ် အဲဒီ Change PC Setting ကိုတစ်ချက်နှိပ်လိုက်ပါ။
Windows 8 ဆိုရင်တော့ အောက်ပုံအတိုင်း
General > Refresh your PC without affecting your files option ဆိုတဲ့
စာတန်းရဲ့အောက်မှ Get started ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
Windows 8.1 မှာတော့ အောက်ကပုံအတိုင်း
Update recovery ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါ။
Recovery ဆိုတာကို ထပ်နှိပ်ပေးပါ
Recovery ဆိုတာကိုတစ်ချက်နှိပ်လိုက်ပြီးတာနဲ့
Refresh your PC without affecting your files option ဆိုတဲ့
စာတန်းရဲ့အောက်မှ Get started ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ Refresh your PC ရဲ့အောက်
Next ဆိုတာကိုတစ်ချက်ထပ်နှိပ်လိုက်ပါ။
(ဒီနေရာမှာ သတိထားစေချင်တာလေးကတော့ Internet Connection ပါ)
ကျန်တဲ့အပိုင်းကတော့ Windows 8 & 8.1 ကတူသွားပါပြီ အောက်ကပုံကိုကြည့်လိုက်ပါ၊
အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Refresh ဆိုတာကိုနှိပ်လိုက်ပါ
ဒီနေရာမှာတော့ Windows 8.1 မှာ အောက်ကပုံအတိုင်းဖေါ်ပြနေပါလိမ့်မယ်
အနီရောင်လေးနဲ့ဝိုင်းပြထားတဲ့နေရာလေးတွေကို စိတ်ဝင်စားရင်ဖတ်ကြည့်ပေးပါ
ဘာမှ ထူးထူးထွေထွေလုပ်စရာရှိတော့ဖူး နားမလည်ဖူးဆိုရင်တော့ ဘာမှလုပ်စရာ
မလိုပါ Next ကိုသာ နှိပ်ပေးလိုက်ပါ။
Next ဆိုတာကိုနှိပ်လိုက်ပြီးတဲ့အခါ အောက်ကပုံအတိုင်း
ပြနေခဲ့ရင်တော့ Windows 8.1 media နဲ့ပတ်သက်လုံး Official က
အသုံးပြု မလား စသည်ဖြင့် သတိပေးထားတလေးပါ Cancel လုပ်ထားခဲ့ပါ။
အောက်ကပုံအတိုင်း မြင်နေရရင်တော့ Refresh ဆိုတာကို