Monday, January 1, 2018

IPhone နားကြပ်ရဲ့ လူသိနည်းတဲ့ အမိုက်စားစွမ်းဆောင်ရည်များ


 
သင့်အနေနဲ့ Apple က ထုတ်လုပ်ထားတဲ့ iPhone နားကြပ်ကို ရိုးရိုးနားကြပ်တစ်ခုလို့ပဲ မြင်မိမှာပါ။ တကယ်တော့ iPhone နားကြပ်မှာ လူသိနည်းနေသေးတဲ့ စွမ်းဆောင်ရည်တွေ အများအပြားရှိနေပါတယ်။ ဒီလို လျို့ဝှက်နေတဲ့ စွမ်းဆောင်ရည်တစ်ချို့မှာ အခရာပရိသတ်တွေအတွက် တော်တော်အသုံးတည့်မယ့် စွမ်းဆောင်ရည်တွေလည်း ပါနေသေးတာကြောင့် အခုပဲ လေ့လာကြည့်လိုက်ရအောင်။

Calls များစွာကို လက်ခံဖြေဆိုနိုင်ခြင်းလူတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့အချိန်မှာ တစ်ခြား အက်ပလီကေးရှင်းကနေ ဖုန်းဝင်လာတာမျိုးတွေဖြစ်လာတဲ့အခါ စိတ်ပူစရာမလိုပါဘူး။ ဖုန်းပြောနေတဲ့အချိန်မှာ iPhone နားကြပ်ရဲ့ အလယ်ခလုတ်ကို ဖိထားပြီး calls တွေကို တစ်ပြိုင်တည်း လက်ခံဖြေကြားနိုင်မှာပါ။

Siri ကို Activate ပြုလုပ်နိုင်ခြင်းiPhone တွေမှာ ပါဝင်တဲ့ ကိုယ်ရေးလက်ထောက် Siri ကိုလည်း နားကြပ်ကနေ တိုက်ရိုက်ခိုင်းစေအသုံးပြုလို့ရပါတယ်။ သင့်အနေနဲ့ Siri ကို ခေါ်ချင်တယ်ဆိုရင်တော့ နားကြပ်ရဲ့ အလယ်ခလုတ်ကို ခဏဖိထားလိုက်တာနဲ့ Siri တက်လာမှာဖြစ်ပြီး ကိုယ်ခိုင်းချင်တာကို အသံနဲ့ တိုက်ရိုက်ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

သီချင်းကျော်တာနဲ့ရပ်တာiPhone နားကြပ်မှာပါတဲ့ အလယ်ခလုတ်ကို နှစ်ချက်ဆင့်နှိပ်ပြီး သီချင်းကို ကျော်လို့ရသလို တစ်ချက်တည်းနှိပ်ပြီး သီချင်းနားထောင်နေတာကို ရပ်တန့်နိုင်ပါတယ်။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးသားလုပ်ဆောင်ချက်ဖြစ်ပါတယ်။

နားကြပ်နဲ့ ဓာတ်ပုံရိုက်ကူးဖို့ စေခိုင်းနိုင်မှုSelfie Stick တွေလိုမျိုးပါပဲ။ သင့်အနေနဲ့ ဖုန်းကင်မရာကို ဖွင့်ထားချိန်မှာ နားကြပ်က အသံအတိုး/အလျှော့ခလုတ် တစ်ခုခုကို နှိပ်လိုက်တာနဲ့ ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်ပါတယ်။




သီချင်းကို အစက ပြန်နားထောင်နိုင်ခြင်းသင့်အနေနဲ့ သီချင်းကို အစကနေ ပြန်ပြီးနားထောင်ချင်တယ်ဆိုရင်တော့ နားကြပ်မှာပါဝင်တဲ့ အလယ်ခလုတ်ကို သုံးချက်နှိပ်လိုက်တာနဲ့ သီချင်းအစကို ပြန်ရောက်သွားမှာဖြစ်ပါတယ်။

သီချင်းအရှေ့ကိုရစ်လို့ရခြင်းသင့်အနေနဲ့ သီချင်းကို ရစ်ချင်ရင် (Fast-Forward ပြုလုပ်ချင်ရင်) အလယ်ခလုတ်ကို နှစ်ချက်ဆက်တိုက်နှိပ်ပြီးတာနဲ့ ဖိထားလိုက်ပါ။ ဒါဆိုရင် သီချင်းကို ရစ်ပြီးနားထောင်နိုင်မှာဖြစ်ပါတယ်။

ဖုန်းခေါ်ဆိုမှုကို ပယ်ချနိုင်ခြင်းသင့်အနေနဲ့ ဘတ်စ်ပေါ်ရောက်နေလို့ဖြစ်ဖြစ် မအားလို့ဖြစ်ဖြစ် ဖုန်းဝင်လာတာကို လက်မခံချင်ရင် နားကြပ်အလယ်ခလုတ်ကို နှစ်စက္ကန့်ဖိထားလိုက်တာနဲ့ Call Reject အလိုအလျောက် ပြုလုပ်ပေးသွားမှာပါ။





မူရင်း = Credit ပါ။
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 


ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ

No comments:

Post a Comment