Saturday, December 16, 2017

Nokia 6 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

Credit : howtoupdateandroid.com

Nokia 6 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အလိုရှိနေကြတဲ့ ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
 Custom Recovery ကိုထည့်သွင်းပြီးရင်တော့ Supersu.zip ဖိုင်ဖြင့်
Flash ပေးပြီး Root access ကို အလွယ်တကူ ရယူနိုင်မှာပဲဖြစ်ပါတယ်။

TWRP Recovery ရဲ့ အကျိုးရလာဒ်
====================
၁။ Faster and better performance များအတွက် ဖုန်းကို
 Custom Rom နဲ့ Custom Kernel ထည့်သွင်းနိုင်ပါတယ်။

၂။ App တွေမှာ လိုက်ဒုက္ခပေးနေတဲ့ ads တွေကို Block ပြုလုပ်ထားနိုင်ပါတယ်။

၃။ Battery life အတွက် မြန်နှုန်းအားနဲ့ ဘက်ထရီကို အကုန်မြန်စေတဲ့
Background process များကိုလည်း ကာကွယ်ပေးထားနိုင်ခြင်း။

၎။ ဖုန်းမှာရှိတဲ့ Apps များနဲ့ Data များအတွက် Titanium Backup ဆော့ဝဲစသည်များကို
အသုံးပြုပြီး အလွယ်တကူ Backup & Restore ပြုလုပ်ထားနိုင်ခြင်း။

၅။ အမြဲဒုက္ခပေးတတ်တဲ့ bloatware များကို Uninstall ပြုလုပ်နိုင်ခြင်း။


 လိုအပ်ချက်များ
=========
၂။ ADB and fastboot နဲ့ driver ကို ကွန်ပျူတာတွင်
Install ပြုလုပ်ထားရပါမည်။

ADB and fastboot driver for windows


၃။ Nokia 6 ဖုန်းအတွက် TWRP Recovery file
ADB & Fastboot ဖြင့် TWRP Recovery ထည့်သွင်းနည်း
====================================
၁။ မိမိဖုန်းအတွက် သက်ဆိုင်ရာ TWRP recovery file ကိုဒေါင်းလော့လိုက်ပါ။

၂။ ADB and Fastboot ကို zip ဒေါင်းလော့ရယူပြီး zip ဖြည်လိုက်ပါ။

၃။ ဖုန်းမှ Developer Options မှ USB debugging နဲ့
OEM unlocking ကို Enable ပြုလုပ်ထားပါ။

၎။ ဒေါင်းလော့ရယူထားတဲ့ TWRP Recovery File ကို zip ဖြည်လိုက်ပါ။

၅။ TWRP recovery ဖိုင်များကို Copy ကူးယူပြီး
 ADB & Fastboot Folder မှာထည့်ထားပါ။

၆။ Fastboot Folder ထဲတွင် Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၇။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီး အောက်ပါစာကြောင်းကို
ထပ်ရိုက်ထည့် Enter ကိုခေါက်ပါ။

adb devices

၈။ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်မှု Device သိပြီဆိုတာနဲ့
ဖုန်းကို Fastboot Mode သို့ဝင်ရန် အောက်ပါ Commands ရိုက်ထည့်ပါ။

adb reboot download


၉။ ဖုန်းက Reboot ကျပြီး Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။

၁၀။ ။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု Fastboot Device အဆင်ပြေမပြေ
စမ်းကြည့်ရန်အတွက် အောက်ပါ Commands ကိုရိုက်ထည့်ပါ။

fastboot devices

၁၁။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်မှု အဆင်ပြေတာနဲ့ အောက်ပါ
Command ကို ထပ်ရိုက်ထည့်ပေးပြီး Enter ကိုထပ်ခေါက်ပေးလိုက်ပါ။
fastboot flash recovery recovery.img
၁၂။ Recovery ဖိုင်ကိုလည်း ထည့်သွင်းခြင်း အောင်မြင်ပြီဆိုရင်တော့
ဖုန်းကို Reboot ချပေးရန်အတွက် အောက်ပါစာကြောင်းကိုရိုက်ထည့်ပါ

fastboot reboot


၁၄။ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်၊ သင့်ဖုန်းမှာ
TWRP Recovery ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။

Ref-http://howtoupdateandroid.com


ဇူးနစ်(နည်းပညာ)
 
( ::::: ပိုစ့်တင်သူ-ချောကိုကို ::::: )

ကျွန်တော်တင်သမျှ Post တွေကို Facebook မှ တိုက်ရိုက်ဖတ်ရှုလို့ပါက >> 
နည်းပညာနှင့်ဆော့ဝဲလ်များ Page ကိုနှိပ်ပြီး Like လုပ်ထားပေးပါ၊၊ 

ရိုးရှင်း​သောနည်းပညာများကို ဆန်းသစ်​စွာတင်​ဆက်​မည်​။

အားလုံးကိုခင်​မင်​လျှက်​။
Admin & CKK - နည်းပညာ
 

No comments:

Post a Comment